Released on December 29, 2024

Thumbnail

အေးစက်လွန်းတဲ့ ဆောင်းရက်တွေ

ကိုယ် ပြန်မြင်ယောင်တယ်

မင်းအငွေ့အသက် စီးဝင်နေခဲ့

အလွမ်းသီချင်းနဲ့ ဆောင်းလယ်ညထဲ

ကိုယ် တစ်ယောက်တည်း

အတူရယ်မောခဲ့ကြတဲ့ အချိန်များ

မြူမှုန်တွေကြားက ဝေဝါးခဲ့တဲ့ အမှတ်တရများ

ကိုယ်မထင်သော စိမ်းကားခြင်းတွေနဲ့

နင်ဟာ အေးစက်သွားခဲ့နိုင်လည်း

ကိုယ် မျှော်လင့်နေဆဲ အရင်နေရာလေးမှာပဲ

နင် ကြင်နာခြင်းတွေ လေအေးတွေနဲ့ ကုန်စင်မျောပါခဲ့

အိုး မနွေးထွေးတော့မယ့် ငါ့ရဲ့နေ့တွေနဲ့

ရင်ခွင်တစ်စုံဟာ တကယ် မစုတ်ပျက်ခဲ့ရုံတမယ်လေး

မျှော်လင့်နေသူ ငါကံဆိုးပါတယ်

နင် ကြင်နာသွားတဲ့ သူရဲ့ဘဝထဲ ပျော်ရွှင်လို့နေမယ်

ငါ မမြင်ချင်ဘူး မင်းရဲ့ အပြုံးတွေလည်း

ငါမဟုတ်တဲ့ သူအနားမှာ အဆင်ပြေရင်

ငါ့နှလုံးသား ဝမ်းနည်းတယ်

ဒီဇင်ဘာ ၃၀ ရှင်လျက်သေ ကိုယ့်နှစ်ပတ်လည်

မြေနီလမ်းလေးရယ် သူချိန်းဆိုလို့ ရောက်ရှိခဲ့

ဖြတ်သန်းရမယ့် နှစ်ယောက်အတူအနာဂတ်ကို မယုံကြည်ဘူးတဲ့

ခုတ်မောင်းခဲ့ပေါ့ ရထားငယ် မြို့လေးဟာ မီးခိုးအူကျန်ခဲ့

မြူနှင်းများအလယ် အတူလမ်းလျှောက်ချင်တယ်

ဝေဝါးတဲ့အရွယ် အတူလမ်းပျောက်ချင်တယ်

ပေါ့ဆတဲ့ ကလေးငယ် အနွေးထည်လည်းမပါ အေးနေမယ်

ကိုယ့်အချစ်အရဲ့အဓိပ္ပာယ် ဆွယ်တာလေးဟာ နွေးစေမယ်

အခုတော့ အရာရာပြီးခဲ့ပြီ တို့ရဲ့ အတိတ်ဟာ ပုံပြင်ပဲ

ဆောင်းရောက်ချိန်ဆို ယင်းထလို့ နှလုံးသားလေးဟာ နာကျင်ဆဲ

နင် ဘဝသစ်တစ်ခုမှာ နေထိုင်ခဲ့

ငါသာ မြွေအိုတစ်ကောင်လို အခုထိ အရေခွံမလဲနိုင်ခဲ့

ကိုယ် မျှော်လင့်နေဆဲ အရင်နေရာလေးမှာပဲ

နင် ကြင်နာခြင်းတွေ လေအေးတွေနဲ့ ကုန်စင်မျောပါခဲ့

အိုး မနွေးထွေးတော့မယ့် ငါ့ရဲ့နေ့တွေနဲ့

ရင်ခွင်တစ်စုံဟာ တကယ် မစုတ်ပျက်ခဲ့ရုံတမယ်လေး

မျှော်လင့်နေသူ ငါကံဆိုးပါတယ်

နင် ကြင်နာသွားတဲ့ သူရဲ့ဘဝထဲ ပျော်ရွှင်လို့နေမယ်

ငါ မမြင်ချင်ဘူး မင်းရဲ့ အပြုံးတွေလည်း

ငါမဟုတ်တဲ့ သူအနားမှာ အဆင်ပြေရင်

ငါ့နှလုံးသား ဝမ်းနည်းတယ်