[INTRO]
S Lynn Track
[VERSE 1]
ငါတို့ရဲ့ နေ့ရက်များဟာ ယောင်းသွေ့လို့လာ
တောင်လေရူး နှင်ရာ လူးလွင့် မျောပါသွားတဲ့ ရွက်ဝါလေးများပမာ
ကန်၊မြစ်၊ချောင်း၊ စိမ့်စမ်းများဆီမှ ရေစက်လေး တချို့ဟာ
တစ်ချိန်မှာ မိုးအဖြစ် အေးချမ်းစေဖို့ရာ အပူခံကာ ငွေ့ရည်ဖွဲ့နေရှာ
[Chorus]
တစ်ခါ နွေရာသီကို ရောက်ခဲ့ပြန်ပေါ့ကွာ
တံလျှပ်တွေသာ ပြေးလွှား
ဒီလူတွေဟာ ဖျားမြဲ ဖျား ၊ ကမ္ဘာဟာ ဖျားမြဲ ဖျားနေတာ
ပင်လယ်ပြင်ထဲကို ပျော်ဝင်သွား
ရေခဲစိုင်များလား ၊ ငါတို့ အိပ်မက်များလား
မရေရာ
[VERSE 2]
အဝါရောင်ပြောင်းသွားတဲ့သစ်ရွက်ကလေးတွေ
မွေးဖွားရာသစ်ပင်အကိုင်းအခက်ဆီမှမြေလွှာပေါ်သို့အတင်းထွက်ပြေးနေ
အေးစက်ခြင်းနဲ့မတူကွဲပြားတဲ့အငွေ့သက်လေးတွေ ကျေးငှက်ကလေးတွေရဲ့သီဆိုသံလေပြေထဲတရွေ့ရွေ့မျောလွင့်လို့အနွေးဓာတ်ပေးနေ
စောစီးစွာကျရောက်တဲ့မနက်ခင်းတွေ
နေရောင်ခြည်ဓာတ်အလင်းတွေ မြေပြင်ပေါ်သက်ဆင်းကြွေ
ပန်းပေါင်းစုံပွင့်တဲ့ရာသီ အလှတရားကိုဖန်ဆင်းစေ တိတ်ဆိတ်ခြင်းဟာလည်း ဒီရာသီရဲ့ဂုဏ်သတ္တိကိုတဖက်တလမ်းကအသက်သွင်းနေ
နွေဥတုရဲ့ကောင်းကင်ယံ ကြယ်ရောင်စုံထွန်းလင်းတောက်ပလို့ လင်းလက်နေတာ
အလင်းရောင်များ အခမဲ့ဖြန့်ကြဲနေ ဒီနွေရာသီဟာ
ကန်ရေပြင်ဟာခမ်းခြောက်ကူးပြောင်းသွားတယ် ကစားကွင်းအဖြစ်
အပ်ချည်ကြိုးတန်းလန်းနဲ့စွန်လေးဝေဟင်မှာပျော်ပါးရင်းလွင့်
ညနေဆောင်းရင်းရောင်နီသန်းတဲ့နေဝင်ချိန်တွေလှမ်းလို့ကြည့်မယ်
ဘာကြောင့်မှန်းမသိ အရင်လိုဘဲ ဒီနွေမှာလဲအလွမ်းပိုမိတယ်တကယ်
[Chorus]
တစ်ခါ နွေရာသီကို ရောက်ခဲ့ပြန်ပေါ့ကွာ
တံလျှပ်တွေသာ ပြေးလွှား
ဒီလူတွေဟာ ဖျားမြဲ ဖျား
ကမ္ဘာဟာ ဖျားမြဲ ဖျားနေတာ
ပင်လယ်ပြင်ထဲကို ပျော်ဝင်သွား
ရေခဲစိုင်များလား ငါတို့ အိပ်မက်များလား
မရေရာ
[BRIDGE]
လွမ်းဆွတ်တမ်းတစရာတွေများနဲ့နွေရာသီပါ
မရောက်ဖြစ်တာကြာတဲ့ စာသင်ခန်းလည်း ဖုန်တက်နေတာ သေချာပြီကွာ
အခန်းထောင့်က ပြန့်ကျဲနေသော နေကြာစိများမှာ အဖြေများရှိမလား
ဝှက်ထားတဲ့အလွမ်းတွေ နေကြာပန်းကလေးတွေမှာ ဖွေရှာကြည့်ပါ
[Chorus]
တစ်ခါ နွေရာသီကို ရောက်ခဲ့ပြန်ပေါ့ကွာ
အရင်နှစ်လိုပါပဲလား
ဒီလူတွေဟာ ဖျားမြဲ ဖျား
ကမ္ဘာဟာ ဖျားမြဲ ဖျားနေတာ
ပင်လယ်ပြင်ထဲကို ပျော်ဝင်သွား
ရေခဲစိုင်များလား
ငါတို့ အိပ်မက်များလား
မရေရာ