Released on February 10, 2020
ငါငေးမောကြည့်နေ ပင်လယ်ပြင်ကြီးထဲ
ရီဝေနေ မျက်ဝန်းလေးများ
အို စိတ်တို့နွမ်းနယ် ဒီဆူညံနေခြင်းနဲ့
ရေပြင်အလယ် တစ်ယောက်တည်း ခရီးသွား
ငါစဉ်းစားမိတယ် သူဘယ်ဆီမှာများလဲ
ရင်ခွင်တွေ ကမ္ဘာတခြမ်းဝေးလွန်းတဲ့အခါ
ဂုဏ်ဒြပ်တို့နောက်ကွယ် လူသူတွေမရှိပဲ
သန်းခေါင်ယံတွေ ကျော်ဖြတ်ရင်း ဝေး
မလိုလားပေမဲ့လဲ ရောက်ရှိနေခဲ့တာ
(ပင်လယ်ရေသံ ငါငြီးငွေ့ ပြီ)
အိမ်အငွေ့အသက်များရဲ့ အဝေးဆုံးမှာပဲ
(ရွက်လွှင့်ဆဲ ဘဝခရီးသည်)
ရင်ထဲမှာ လွမ်းဆွေး အချစ်ရဲ့ ပုံရိပ်တွေ
(အချိန်ကြာလာလေ ငါ အရူးရင့်လေ)
ဘယ်တော့များမှဘဝရဲ့အနှစ်တို့တွေ့မလဲ
နွေးထွေးခြင်းများအား တခန်းရပ်ကာ
မလိုချင်ရာအရပ်မှာ လွင့်မျောရင်း
စိတ်မဲ့ခရီးသွား
မလိုလားပေမဲ့လဲ ရောက်ရှိနေခဲ့တာ
(ပင်လယ်ရေသံ ငါငြီးငွေ့ ပြီ)
မြင်ကွင်းတွေ အသစ်အသစ် မပြောင်းလဲနိုင်ခဲ့
(ရွက်လွှင့်ဆဲ ဘဝခရီးသည်)
ရင်ထဲမှာ လွမ်းဆွေး ချစ်သူ့ပုံရိပ်တွေ
(အချိန်ကြာလာလေ ငါ အရူးရင့်လေ)
ဘယ်တော့များမှဘဝရဲ့အနှစ်တို့တွေ့မလဲ
ငါမလှမ်းချင်တဲ့ ခြေလှမ်းတွေနဲ့
ဒီစိတ်ကိုလဲ အတင်းအကျပ်ချုပ်တည်းကာ
ငါမရောက်ချင်ပဲ ရောက်နေခဲ့ အရပ်တွေထဲ
အရိပ်မဲ့ ဒီခရီးသွား
(အရိပ်မဲ့ ဒီခရီးသွား )
စိတ်မဲ့ ဒီခရီးသွား
(စိတ်မဲ့ ဒီခရီးသွား)
အို ခရီးသွား