Released on February 10, 2020
ဟိုမှာ ကြည်ပြာရောင် မိုးသားကောင်းကင်
တိမ်တွေလဲ မမြင်နိုင်တဲ့ဟိုအဝေးတစ်ဖက်ဆီ
လွင့်မျောနေရုံပဲ
ဒီမြို့လမ်းထက် အရောင်စုံတဲ့ကားများ တိုးဝှေ့
အချစ်ဆုံးတို့ ကြင်နာသူအိုပုခုံးထက်မှာ
ကျေနပ်နေကြပြီ
(ပုံမှန်အတိုင်းပဲ အရင်တိုင်းပဲ လူတွေကြားထဲ
လာသွားခဲ့ ပြန်သွားလှည့် ဧည့်သည်ရယ်)
ဒီကမ်းစပ် ဇိမ်ခံသူအများအပြားတိုးဝှေ့
လူသားတစ်ချို့ မမြင်နိုင်တဲ့ ဟိုအဝေး လ ဆီ
လည်ပတ်နေရုံပဲ
ခံနိုင်စွမ်းရဲ့ကျော်လွန်ကာ ပုခုံးများထက်မှာ
ဒဏ်ရာများနဲ့ ဒီအသားမာထုကြီးအောက်မှာ
လည်ပတ်နေကြပြီ