အိမ်ငယ်လေး (Eain Ngal Lay)

By WhyphY

On ချိုမြိန်ခါးသက် (Cho Myain Khar Thet)

Released on February 10, 2020

Thumbnail

ရင်ခုန်လှိုင်းတွေ ချိန်ညှိရင်း အလွမ်းနေ့လေး

ကော်ဖီတစ်ခွက် ငါသောက်ရင်းပဲ လွမ်းနေ

ဖုန်းထဲကနေ အသံလေးများ နားစွင့်ရင်း

နှုတ်ခမ်းပါးလေးကို မျှော်လင့်လို့ လွမ်းနေ

လေယာဉ်ပျံလေးကို ကြည့်ငေးရင်း အလွမ်းနေ့လေး

တိမ်စိုင်များလို လေလွင့်ရင်း လွမ်းနေ

သီချင်းများနားထောင်နေရင်းလဲ လွမ်းနေမိ

နှုတ်ခမ်းပါးလေးကို ရှိုက်နမ်းခဲ့ အတွေးထဲ

မင်းဟာ ငါ့အိမ်ငယ်လေးပဲ

နေ့တိုင်း ငါ ပျံသန်းသွားချင်

အဝေးဆီက အိမ်ငယ်လေးအတွက်

သီချင်းတွေ ဆိုညည်းဆဲ

အိမ်ငယ်လေးကို ငါထွေးပွေ့ထားချင်မိ

အိမ်ငယ်လေးဆီ ငါ့အနမ်းများ လွင့်ပျံ

အနွေးဓာတ်လေးတွေ ငါတမ်းတ လွမ်းနေမိ

အဝေးရောက်ညတာရှည်များထဲ လွမ်းနေ

(လွမ်းတယ်)

(လွမ်းတယ်)

(လွမ်းတယ်)

အဝေးဆီက အိမ်ငယ်လေးနဲ့

နေ့တိုင်း အတူဖြတ်သန်းသွားချင်

ဝေးနေရတာ ခဏပဲ

စိတ်ကိုတင်းကာ လျှောက်ဆဲပဲ

လေယာဉ်ပျံလေးကို ကြည့်ငေးရင်း အလွမ်းနေ့လေး

တိမ်စိုင်များလို လေလွင့်ရင်း လွမ်းနေ

သီချင်းများနားထောင်နေရင်းလဲ လွမ်းနေမိ

နှုတ်ခမ်းပါးလေးကို ရှိုက်နမ်းခဲ့ လွမ်းတယ်

(လွမ်းတယ်)