Released on February 10, 2020

Thumbnail

ဘယ်မလဲ

အို နင် ပြန်လာခဲ့မယ်ဆို

စောင့်စားရင်း အိပ်စက် မွန်းကျပ်ခဲ့

နင်ဘယ်အချိန်ရောက်လာမယ်

ဘယ်မလဲ ငါလန့်နိုးတဲ့အထိ ရောက်မလာသေး

အိပ်မောကျရင်းလည်း ညည်းမိခဲ့

ရေရွတ်ဆဲ မင်းနာမည်

ဘယ်သူတွေစကားကိုများ ယုံမှားနေသလဲ

ဘာတွေနားယောင်ပြီး ဘယ်ဆီ နားခိုနေသလဲ မင်း

ဘယ်အရာတွေ ထပ်လိုလဲ

ဘယ်သူတွေက နင့်အနားပျံဝဲနေလဲ

ဘယ်မက်လုံးတွေနောက် နင်လိုက်ချင်နေသလဲ မင်း

နင်သေချာ စဉ်းစားကြည့်ပါဦး

နင် မြင် သလို ဘဝတွေက ဇာတ်ညွှန်းမဟုတ်ဘူး

နင်စိတ်ကူးသလိုမျိုး အရာတိုင်းဟာ

မတည်မြဲဘူး

(ရေး)

ဘာတွေအိပ်မက်နေလဲ

နင်ထင်သလို လောကဓံက ဝယ်လို့မရဘူး

နင်သေအောင် သုံးချင်တဲ့ ငွေများဟာ

မတည်မြဲဘူး

(ရေး)

တနေ့တော့ မင်းလည်း သိလိမ့်မယ်

လူသားတို့အရွေ့ဟာ ဘယ်ဆီရောက်မလဲ

မတွေးတတ်တော့ဘူးလေ

အချစ်ကို ငြင်းပယ်ပြီး

သိက္ခာတရားတွေကျဆင်းနေ

အရာဝတ္ထုများသာ ခင်တွယ်သူလေး

မင်းစဉ်းစားဦးလေ

အနွေးဓာတ် ငတ်တဲ့တစ်နေ့

အရူး မဖြစ်သွားအောင် ဆုတောင်းနေ

လူသားတို့အရွေ့ဟာ ဘယ်ဆီရောက်မလဲ

မတွေးတတ်တော့ဘူးလေ

အချစ်ကို ငြင်းပယ်ပြီး

သိက္ခာတရားတွေကျဆင်းနေ

အရာဝတ္ထုများသာ ခင်တွယ်သူလေး

မင်းစဉ်းစားဦးလေ

အနွေးဓာတ် ငတ်တဲ့တစ်နေ့

အရူး မဖြစ်သွားအောင် ဆုတောင်းနေ