Gravity ဆြဲငင္အား

By The Phosphorap

Released on September 20, 2017

Thumbnail

ဆြဲငင္အား


[Unicode Version]

ဆွဲငင်အား


[ Chorus ]

ကမ္ဘာမြေပြင် အနှံ့ ငါပျံသန်းခဲ့သည်

မင်းနဲ့ရှိခဲ့တဲ့ အချိန်များ နေရာများ နေ့ ငါ့အား ဆွဲငင်ထား.....


[Verse 1: Lu-G]

လောင်ကျွမ်း ပြာကျ မာန မီးတောက်နေခဲ့

မုန်တိုင်း တိုက်ခတ် အသိတရား ပျောက်ရှနေခဲ့

တောင်တန်း မြစ်ကမ်း ပင်လယ် ကူးခတ်ဖြတ်သန်းနေခဲ့

မီး ရေ လေ မြေ ဒြပ်တွေအနား ငါ့အားဆွဲငင်ထား

အထိအတွေ့ အငွေ့အသက် မာကျော အေးစက်

မအိုဟောင်းသွားဘူး မင်းနှုတ်ခမ်းဖူးထက်က

ပေးစွမ်းနိုင်တာမျိုး ထပ်မရှိ စိတ်ကဆာလောင် တောင့်တမှု

ချုပ်ထိန်းထား မကောင်းဘူး ဘယ်လိုမှ ကောင်းမသွားဘူး

ပြန်ဆိုဆုံဖို့လမ်းမရှိ ကံကုန်လို့လွမ်းပြီ

မျဉ်းပြိုင်တွေလို တစ်ယောက်တစ်လမ်း ဘယ်လောက်မှန်းမသိ

နဂါးငွေ့တန်း Galaxy ပေါ် လျှောက်လှမ်း

မီးတောင်တွေပေါက်ကွဲ ဦးနှောက်ဆဲလ်ပေါက်ပြဲ

အသိပျောက် Psycho ဖောက်နေတစ်ယောက်တည်း

အပူပြင်းဆုံး အီကွေတာပေါ် လမ်းတွေလျှောက်

ကမ္ဘာမြေဆွဲအားကြောင့် ပြုတ်ကျတော့ ကမ်းခြေရောက်

အဲ့လိုရေပြင် ပြီးတော့ ဝေဟင်တစ်လှည့်

မသေခင် မင်းရှိရာမြေပြင်ဆီ ဆင်းသက်

တစ်ကြိမ်ထက်မက နှလုံးခုန်သံက ငြိမ်သက်မကျ

တိမ်ထက် ခဏ ကတဲ့ အိမ်မက် အရှိန်ပျက်ကျ.......


[ Verse 2: Kayarr ]

ငါလွှင့်ပစ်လိုက်ချင်ပြီ။ စွန့်ပစ်လိုက် ချင်ပေမယ့်

ဗလာအဖြစ်ဟာလစ်ကာနောက်

လှေခါးထစ်တွေ ကို ဘယ်လို အဖြစ်အနေနဲ့တက်မလဲ

ယိုယွင်းနေခဲ့ နောက်ပြန်လည်း ရစ်မရ

ရှေ့တိုးလည်း မဖြစ် ပစ္စုပ္ပန်မှာပဲ တစ်နေတယ်

ထစ်နေတဲ့ CDအလား အစွန်း အခြစ်တွေနဲ့ မညီမညာ

နောက်ကျောက နံရံ ငါရဲ့တည်မှီရာ

အပြုံး တစ်စ ဝင်လာ ငါပြုံးမရခင်မှာပဲ အဆုံးကထင်လာ

ဒီနှောင်ထုံးက မမြင်သာပေမဲ့ အသိ အဆုံးအမ တွေကို

အကုန်နှင်တာ အမှောင် မှန်ပြတင်းကနေလာတဲ့

အလင်းလေးတွေထဲမှာ ဝင်လေလွင့်နေတဲ့

ဖုန်မှုန့်လေးတွေကြားထဲ ငါ့လက်ဖဝါးကို သွင်းထည့်

သြော်....သူတို့လည်း ဆွဲငင်းအားနဲ့ မှ မကင်းပဲ

ဖုန်မှုန့်တွေနဲ့ အတူ ငါလည်းကြမ်းပေါ်မှာ ကျောချ

သောကချင်း အတူတူကိုတောင်

မှေးမှိန်သွားစေတဲ့ အပူအမော အား

လတ်တလော ခဏ စောဒက မတတ်နိုင် တော့

ပလိပ်ဝတ္တုထဲကလိုပဲ မျှော်လင့်ချက် ပျော့ကျကာ

ဇတ်လမ်းအဆုံးမှာ ရောဂါပြယ်ဖျော့သွား မှာလို့ တွေးရင်း

လျော့ကျလာတာ ငါမျက်ခွံတွေ ပေါ့ကွာ။


[ Chorus ]

ကမ္ဘာမြေပြင် အနှံ့ ငါပျံသန်းခဲ့သည်

မင်းနဲ့ရှိခဲ့တဲ့ အချိန်များ နေရာများ နေ့ ငါ့အား ဆွဲငင်ထား.....


[ Verse 3: Young Dre ]

ပျောက်ဆုံး ကြေမွ ပျက်စီး ပြိုလဲရင်ငါ

နောက်ဆုံး အချိန်များ ထပ်ပြီး မလိုခဲ့ချင်ပါ

လွင့်မျော ရွေ့လျား တိမ်များ ဖြိုခွဲရင်းငါ

အချိန်များ နေရာများ နေ့များ ညများ ငါ့အားဆွဲငင်ထား

ငါကိုယ်တိုင် အထိန်းအချုပ်မဲ့

ဟန်ဆောင်ရှောင်တိမ်းဖို့မလွယ် ခက်ခဲလို့တအား

မင်းအမြဲလို ငါ့အနားရှိရင် လေပေါ်မှာဝဲလို့ ဘာနဲ့မှမလဲလို

ခေါင်းထဲကထုတ် ထားရစ်ခဲ့ဖို့ ငါ့စိတ်က မရဲ တရဲ

သရဲ မရဲ စီးသလို အလဲအကွဲ

အပျက်အပျက် နဲ့ နှာခေါင်းက သွေးတွေလည်းရွှဲ

ပျော်စရာတွေ မပေးလည်း ...ဘာမှထပ်ပြီး ငါမတောင့်တ

ဗုဒ္ဓထံတောင်းသမျှ ဆုတွေမပြည့်ခဲ့

ခေါ်ဆောင်ရာ လိုက်ရင်း ဝေးပြီးရင်းဝေးခဲ့

ပိုက်စိပ်တိုက်လို့ လိုက်ကာရှာ စကြာဝဠာထဲ ငါမတွေ့ခဲ့

အေးခဲတဲ့ အရပ်မှစ ပင်လယ်တွေကျော်ဖြတ်ကာငါ

ထီးဖြူပြီး ဖိနပ်ပါပါး ဘယ်နေရာမှာလဲကွာ

ကန္တာရထဲလား ရေတံခွန်တွေထဲရှာတယ် ငါမတွေ့

ဒဏ်ရာတွေပဲရ ကာရံတွေလွဲကာ

ကံကြမ္မာကို နည်းတာ ငါဟေ့

ငါ့အနားက သံလိုက်စက်ကွင်းအလား

ဆွဲငင်မှုပြင်အားက ဘယ်လိုမှငြင်းမရ

ဒီစိတ်ကို တင်းထားလည်း နောက်ဆုံးတော့ မင်းအနား

ဒူးထောက် လက်လျှော့သက်ပြင်းချ


[ Verse 4: Yazar Myo Thank ]

နေ့တို့ ညတို့ မဆုံး

တစ်သက်လုံး Atomic Bombလို

ကြက်သေ သေပြီးတော့ ရပ်ကာကြည့်

အမုန်းဇတ်က အဆုံးမသတ်တော့

ရုန်းထွက်ရ ခက်ပါဘိ

မျက်နှာ မကြည့်ချင်

မြင်ကွင်းတံခါး ဂျက်ချ ပိတ်စေလျှက်

အသံ မကြားချင် နားနှစ်ဖက် ချိတ်ပိတ်ပြီး တိပ်ကပ်

မီးပင်လယ်ပြင်ကို ငါဖြတ်ခဲ့ပြီး

ရှေ့ဆက်မယ့် ခရီးတွေဟာ အသက်မဲ့ပြီး

အမှတ်တမဲ့အနီးကို ရောက်ခဲ့ပြန်

နောက်လှည့်ရန်ခက် ဆွဲငင်ထား

ငြိမ်းသက်ရခက်တဲ့ မီး ...တစ်ချက် တစ်ချက်

နာကျင်ကာ ညည်းတွားလည်း နာကျင်ခြင်းတွေပြီးမသွားဘဲ

သွေးကြောထဲ စိုက်ဝင်စီးသွားတဲ့ မော်ဖိန်းကြောင့် ထုံကျင်ကာ

ရုန်းထွက်နိုင်ဖို့ ပြန်ကြိုးစား မိုးသားထဲထိ စိတ်တွေကို လွှင့်ခဲ့

အဝေးကတဖန် အတိတ်ကအသံ

နံရံ ပြန်ကန် ပဲ့တင်သံတွေအဖြစ်

ချဲ့ထွင်ခံ ဆွဲငင်သံတွေ မောင်းထုတ်

အပေါင်း အနှုတ်တို့ အကြောင်းရှုပ်

ပုစ္ဆာအဟောင်းတစ်ပုဒ်လို အဖြေမရလို့ ခေါင်းရှုပ်


[Verse 5: Riovolap]

ပတ်လျက်ဝိုင်းနေတဲ့ နာရီလက်တံလေးတွေ

ရွေ့လျားတဲ့အချက်အချက်တိုင်း

မေ့မသွားပဲ တပ်မက်ရိုင်းစေတဲ့

ငါ့ ဘဝကိုဆွဲငင်ထား စက္ကန့်တိုင်း

မင်းမရှိရင် အသက်ရှုကြပ်မယ့် ဒီဇိုင်းနဲ့

ကောင်းကင်မှာ မြူခိုးတွေ အထပ်ထပ်မှိုင်း

နေ့ ည နှစ် လ တွေရပ်တန့်မဆိုင်းစေပဲ

ပျက်လျက်ထိုင်းနေတဲ့ ဦးနှောက်ကို သုံးမရအောင်

အဆက်မပြတ် ခိုင်းစေကာ

ဝင်သက် ထွက်သက် တိုင်းတွေမှာ

အနိမ့် အမြင့် အတတ် အကျ လှိုင်းတွေပမာ

သောင်ပြင်ကမ်းစပ်သို့ ကမ်းကပ်ဖို့

လှမ်းတတ်လို့ ဆက်လာတဲ့လမ်းတဝက်

ရုန်း ရုန်း ရုန်း ထွက်မရ

အရှုံး အရှုံး အရှုံးပဲပြနေလည်း

အဆုံးသတ်မှ သုံးသပ်သမျှ

အပြုံးတစ်ချက်က ငတုံးအတွက်


[Zawgyi Version]


[ Chorus ]

ကမ္ဘာမြေပြင် အနှံ့ ငါပျံသန်းခဲ့သည်

မင်းနဲ့ရှိခဲ့တဲ့ အချိန်များ နေရာများ နေ့ ငါ့အား ဆွဲငင်ထား.....


[ Chorus ]




[Verse 1: Lu-G]





















[ Verse 2: Kayarr ]






















[ Chorus ]




[ Verse 3: Young Dre ]

























[ Verse 4: Yazar Myo Thank ]

နေ့တို့ ညတို့ မဆုံး




ရုန်းထွက်ရ ခက်ပါဘိ

မျက်နှာ မကြည့်ချင်











အဝေးကတဖန် အတိတ်ကအသံ






[Verse 5: Riovolap]









အဆက်မပြတ် ခိုင်းစေကာ










[ Chorus ]

