အသိ-သတိလစ္ျခင္း

By The Phosphorap

Released on November 21, 2016

Thumbnail

[Unicode Version]


[Verse 1: YoungDre]

သူတု့ိလိုမသုံးနိုင်လို့.လက်ထဲမှာတစ်ပြားမှမရှိလို့

ဘယ်သူမှမစော်ကားနိုင်ဘူး။ မင်းရဲ့ဘဝကြီးကို

ခနာအစိတ်အပိုင်းတွေ မလှုပ်နိုင်လို့

အသက်တွေကြီးလာကြပြီဆို

သေခြင်းတရားကိုမကျော်လွှားနိုင်ဘူး။
ရှိသမျှအကုန်ထားပြီး ဒိုး

အခု လက်ရှိ...မင်းရတဲ့ဘဝကအကောင်းဆုံး

လိုချင်တပ်မက်တဲ့စိတ်ကိုပြောင်းဦး

အချိန်တွေမကုန်သေးခင် ခေါင်းသုံး

မင်းဘေးကလူတွေရဲ့စကားတွေလျှောက်မယုံနဲ့

သေချာစဉ်းစားပါ အကြောင်းစုံ

လူတိုင်းကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲ

အဓိကလိုနေတဲ့အချက် 
အဖြစ်အပျက်တွေအားလုံး ကိုယ်တွေ့ပဲမှတ်

မိန်းမပျိုတွေနဲ့ပတ်ကဲဖို့ဘာမှတွက်ချက်မနေပဲ

မင်းလက်ကပိုက်ဆံလျှိုမနေပဲ ထွက်

ကြွယ်ဝမှုတွေကိုပဲမက် မင်းဦးနှောက်တဖြည်းဖြည်းနဲ့ပျက်

သေခြင်းတရားကမင်းကိုကြိုနေမယ် တစ်ရက်

ဘာတွေလုပ်ပြီးပြီလဲ မင်းဘဝနိဂုံးလှပဖို့

အကုသိုလ်တွေတည်ရှိခဲ့ရင် အချိန်မနှေးပြင်ဆင်ထားပါဦး

ဦးနှောက်သုံး စိတ်တွေမလေနဲ့ကွာ နောက်ဘဝကောင်းစားဖို့ အဖြေပဲရှာ

ရုတ်တရက်အသက်ပျောက်ပြီးသေတဲ့အခါကျမှ နောင်တရမနေနဲ့ကွာ။


[Chorus: YoungDre]

လောကစည်းစိမ်များကြား ရစ်မူးကာမျောသွား

အသိစိတ်တွေပျောက်ရှ အားလုံးကခဏတာ

ဘယ်လိုမှတားမရ ရစ်မူးကာမျောသွား အသိစိတ်တွေပျောက်ရှ


[Post-Chorus: YoungDre]

အားလုံးကလူတွေအတူပဲ ကြောက်လန့်ပြီးတွေးမပူနဲ့

ကိုယ့်အလှည့်ကိုစောင့်နေရတယ်ကွာ

အခုကဘယ်သူ့အလှည့် ?


[Verse 2: Lu-G]

သူ့အလှည့်ပြီးမင်းအလှည့် ပစုပန်ကို 
တည့်ကြည့်မြင် ရှုလှည့်

လောကဓံရဲ့ဒုကနွံထဲမှာ အလူးအလဲ ဘာထူးလဲ

ဒဏ်ရာတွေဖုံးဖိမရတဲ့အဆုံး

တွေ့သမျှလူလိုက်ပြီးမုန်းတီး
မကောင်းမှုရှောင် ကောင်းမှုဆောင်

ဖြူအောင်စိတ်ကိုထားနိုင်ရင် အရှုံးမရှိ

အမြဲတမ်းပြုံးပြီးထားခဲ့ မဟုတ်ရင်မှားမယ်

မနက်ဖြန်များထဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပါ

စိတ်ဓာတ်မကျနဲ့ သိပ်ခက်သွားမယ်

ဘယ်တော့မှဘဝမပျက် ဖြစ်ချင်တာဖြစ်ဖို့အမြဲတမ်း

အသစ်ထွင်ကာကြိုးစား နိုးကြားပြီး ရှေ့ဆက်ပါ

သန်းခေါင်ထပ်ညဉ့်မနက်တွေမှာ ဘာတွေစဉ်းစားပြီး

မင်းတစ်ယောက်တည်း စိတ်ဓာတ်ကျနေမှာလဲ

တခါတလေ သည်းခံထားလိုက် ဖြစ်တတ်တဲ့

လူ့သဘာဝပဲ ဒီကမာထဲ ရှင်သန်နေချိန် ခဏ

အထက်စီးက လက်သီးချက်တွေအား ငြိမ်ခံနေမရ

မဟုတ်ဘူး လက်ဝှေ့သမား ရှေ့ဆက်မနက်တွေမှာ

တစ်ရက်လား တစ်သက်လား

မျှော်လင့်ချက်ရှိတယ် အေးဆေး

တစ်လလား တစ်ဘဝလား

ပန်းတိုင်ရောက်ဖို့သိပ်ပြီးမဝေး

တစ်နှစ်လား တစ်ခေတ်လား

စိတ်ဓာတ်ခွန်အားကိုမွေးပေး

ဇွဲမလျှော့နဲ့ အနာဂတ်မျိုးဆက်သစ်

ခေတ်လူငယ်အတွေး


[Chorus: YoungDre]

လောကစည်းစိမ်များကြား ရစ်မူးကာမျောသွား

အသိစိတ်တွေပျောက်ရှ အားလုံးကခဏတာ

ဘယ်လိုမှတားမရ ရစ်မူးကာမျောသွား အသိစိတ်တွေပျောက်ရှ


[Verse 3: Yazar Myo Thank]

အလွမ်း အဆွေးနဲ့ အချစ်များ ခဏတော့ဂျောင်မှာပစ်ထား

အိပ်မက်တွေမဝေးတော့ဘူး အလုပ်မှာ အာရုံစိုက်လို့နှစ်ထား

ဖြစ်လား မင်းဖြစ်ရဲ့လား ရှေ့ဆက်လျှောက်ဖို့ဖြစ်ရဲ့လား

ကြီးပြင်းတဲ့ခေတ်နဲ့စနစ်ရဲ့အမှား

လူတွေပြောတော့မင်းရဲ့အပြစ်တဲ့လား...

လူဖြစ်ရတဲ့ ဒုက အလုပ်ကလည်းလုပ်မရ

ဆေးလိပ်ငွေ့တွေကိုသက်ပြင်းတွေနဲ့ အတူပဲမှုတ်ချ

တစ်တိုင်ပြီးတစ်တိုင်ထိုင်ပုတ်သမျှ

အတိုအစတွေအခန်းထဲရှုပ်ပွ

စိတ်ဓာတ်တွေအောက်သို့ပြုတ်ကျ

ထပါ မင်းအရည်အချင်းလာထုတ်ပြ

ခဏတာရတဲ့ဘဝဟာအစမှာယုံကြည်မှုတွေနဲ့

ဟန်ဆောင်လိမ်ညာမှုတွေထဲ ရိုးသားမှုကို ထုခြေခွဲ

စိတ်ညစ်တာတွေပျောက်စေဖို့ ဆေးတွေလည်းနေ့စဉ်သောက်နေလို့

သွားမခေါ်ကြနဲ့ သူ မအားသေးဘူး

စိတ်ကူးယဉ်ကမာထဲရောက်နေလို့

Depression တွေဝင်လာမယ်။ အမှားတွေကိုအမှန်လို့ထင်လာမယ်

မင်းအပေါ်မှာ လူတွေအမြင်ဟာလည်း

ပြောင်းလဲသွားမယ် ဒါ အစဉ်အလာပဲ။

ပြင်ပါ ကဲ အရာအားလုံးက တဒဂပဲ စိတ်ထင်ရာကြဲ

ဒုကတွေကြုံမှ လောကကြီးကမတရားဘူးလို့တော့မထင်ပါနဲ့။


[Verse 4: Riovolap]

အတိတ်ကိုပြန်ပြီးရစ်မနေနဲ့ကွာ

ရှေ့ဆက်ဖို့ထစ်နေတဲ့ခဏ

လက်ရှိဖြစ်နေတဲ့ ဘဝကိုတွေးပြီး စိတ်တွေညစ်မနေနဲ့ထား

ကာရန်အစစ်တွေပဲကြွားတဲ့ PHOSPHORAP အသစ်တွေပြမယ်

မင်းတို့ဘာတွေဟစ်နေလဲကြားတယ် အပေါ်ယံအဖြစ်တွေပဲများတယ်

ဒစ်နေတဲ့ အချစ်တွေနဲ့ လစ်မနေနဲ့ ထား

အခုမှ လောဘတွေအယောင်လိုက်ကာ အစ်နေတယ်

ဒေါသတွေလောင်မြိုက်ကာ ရစ်နေဆဲ

သောကတွေခေါင်ခိုက်စရာဖြစ်စေတဲ့

မောဟတွေမှောင်မိုက်မှ ဝပ်မနေနဲ့

အသားထဲကလောက်ထွက်တဲ့အဖြစ်တွေလည်း ဖြစ်နေဆဲမို့

ဘာမှလာညှပ်ရောချမဖြီးနဲ့ အမျက်ဒေါသမကြီးနဲ့

မင်းတို့စောက်တလွဲတွေလုပ်နေတာ ထွက်ပြောမှမညည်းနဲ့

သံသရာခရီးထဲ Rap တွေကိုသီဆိုဖို့အတွက်

ပန်းတိုင်ကိုကျည်လိုထိုးထွက်တဲ့

ငါ့နာမည် Riovolap


[Chorus: YoungDre]

လောကစည်းစိမ်များကြား ရစ်မူးကာမျောသွား

အသိစိတ်တွေပျောက်ရှ အားလုံးကခဏတာ

ဘယ်လိုမှတားမရ ရစ်မူးကာမျောသွား အသိစိတ်တွေပျောက်ရှ


[Verse 5: Kayarr]

အိမ်တံခါးကိုဖွင့်ထွက်ကာ ကတရာလမ်းပေါ်တတ်ခဲ့တဲ့ ငါ

နှလုံးသားတစ်ခုထဲ ရိုးသားမှုထည့်

ကိုယ့်ကိုကိုယ်ကိုးစားမှုနဲ့ အဆုံးအစမဲ့ မိုးသားထုအောက်

အဆိုးအပြစ်တချို့ကိုထမ်းပိုးထားပြီးလျှောက်

အိပ်မက်တစ်ခုကို ပိုက် စီးကရက်တိုကို ရှိုက်

နှလုံးသားကိုသိမ်းပိုက်တဲ့ ဂီတကိုဦးခိုက်

သူတစ်ပါးတွေရင့်ကျူးခိုက်မှာ ငါ ဝင်မမြူးနိုင်ပဲ

မဖွံ့ထွားတဲ့ ငါ့သစ်ပင်ကိုငါပြန်တူးစိုက်

အခုအခိုက် စကားလုံးတွေကလွဲ ပိုင်ဆိုင်မှုဆိုတာ နည်း

လွယ်အိတ်တစ်လုံးနဲ့ လွင့်နေရဆဲ

သိမ်ငယ်မှု ရင်မှာအမြဲ လောကကိုထိတွေ့ရပြီးမှတော့

အရှုံးမပေးဘူး။ ဘယ်လိုဒုကထပ်လာမလဲကြည့်မယ်

ငါမနုံးသေးဘူး။ ရွှင်လန်းစရာတွေနဲ့ ပင်ပန်းတာဟာတွဲ

ဒုက ကျတဲ့အခါ ဘယ်သူမှဝင်မထမ်းပါပဲ

လာမခွဲနဲ့ အဆင့်အတန်းဆိုတာအညာပဲ

နောက်ဆုံးမင်းရောငါရောဖြစ်ရမှာ ပြာပဲ။


[Zawgyi Version]


[Verse 1: YoungDre]

သူတု႔ိလိုမသံုးႏိုင္လို႔.လက္ထဲမွာတစ္ျပားမွမရွိလို႔

ဘယ္သူမွမေစာ္ကားႏိုင္ဘူး။ မင္းရဲ႕ဘ၀ႀကီးကို

ခႏာအစိတ္အပိုင္းေတြ မလႈပ္ႏိုင္လို႔

အသက္ေတြႀကီးလာၾကၿပီဆို

ေသျခင္းတရားကိုမေက်ာ္လႊားႏိုင္ဘူး။
ရွိသမွွ်အကုန္ထားၿပီး ဒိုး

အခု လက္ရွိ...မင္းရတဲ့ဘ၀ကအေကာင္းဆံုး

လိုခ်င္တပ္မက္တဲ့စိတ္ကိုေျပာင္းဦး

အခ်ိန္ေတြမကုန္ေသးခင္ ေခါင္းသံုး

မင္းေဘးကလူေတြရဲ ႕စကားေတြေလွ်ာက္မယံုနဲ႔

ေသခ်ာစဥ္းစားပါ အေၾကာင္းစံု

လူတိုင္းကိုယ့္လမ္းကိုယ္ေလွ်ာက္ဖို႔ပဲ

အဓိကလိုေနတဲ့အခ်က္ 
အျဖစ္အပ်က္ေတြအားလံုး ကိုယ္ေတြ႕ပဲမွတ္

မိန္းမပ်ိဳေတြနဲ႔ပတ္ကဲဖို႔ဘာမွတြက္ခ်က္မေနပဲ

မင္းလက္ကပိုက္ဆံလွ်ိဳမေနပဲ ထြက္

ႂကြယ္၀မႈေတြကိုပဲမက္ မင္းဦးေႏွာက္တျဖည္းျဖည္းနဲ႔ပ်က္

ေသျခင္းတရားကမင္းကိုႀကိဳေနမယ္ တစ္ရက္

ဘာေတြလုပ္ၿပီးၿပီလဲ မင္းဘ၀နိဂံုးလွပဖို႔

အကုသိုလ္ေတြတည္ရွိခဲ့ရင္ အခ်ိန္မေႏွးျပင္ဆင္ထားပါဦး

ဦးေႏွာက္သံုး စိတ္ေတြမေလနဲ႔ကြာ ေနာက္ဘ၀ေကာင္းစားဖို႔ အေျဖပဲရွာ

႐ုတ္တရက္အသက္ေပ်ာက္ၿပီးေသတဲ့အခါက်မွ ေနာင္တရမေနနဲ႔ကြာ။


[Chorus: YoungDre]

ေလာကစည္းစိမ္မ်ားၾကား ရစ္မူးကာေမ်ာသြား

အသိစိတ္ေတြေပ်ာက္ရွ အားလံုးကခဏတာ

ဘယ္လိုမွတားမရ ရစ္မူးကာေမ်ာသြား အသိစိတ္ေတြေပ်ာက္ရွ


[Post-Chorus: YoungDre]

အားလံုးကလူေတြအတူပဲ ေၾကာက္လန္႔ၿပီးေတြးမပူနဲ႔

ကိုယ့္အလွည့္ကိုေစာင့္ေနရတယ္ကြာ

အခုကဘယ္သူ႕အလွည့္ ?


[Verse 2: Lu-G]

သူ႕အလွည့္ၿပီးမင္းအလွည့္ ပစဳပန္ကို 
တည့္ၾကည့္ျမင္ ႐ႈလွည့္

ေလာကဓံရဲ႔ဒုကႏြံထဲမွာ အလူးအလဲ ဘာထူးလဲ

ဒဏ္ရာေတြဖံုးဖိမရတဲ့အဆံုး

ေတြ႕သမွ်လူလိုက္ၿပီးမုန္းတီး
မေကာင္းမႈေရွာင္ ေကာင္းမႈေဆာင္

ျဖဴေအာင္စိတ္ကိုထားႏိုင္ရင္ အ႐ႈံးမရွိ

အၿမဲတမ္းျပံဳးၿပီးထားခဲ့ မဟုတ္ရင္မွားမယ္

မနက္ျဖန္မ်ားထဲ ကိုယ့္လမ္းကိုယ္ဆက္ေလွ်ာက္ပါ

စိတ္ဓာတ္မက်နဲ႔ သိပ္ခက္သြားမယ္

ဘယ္ေတာ့မွဘ၀မပ်က္ ျဖစ္ခ်င္တာျဖစ္ဖို႔အၿမဲတမ္း

အသစ္ထြင္ကာႀကိဳးစား ႏိုးၾကားၿပီး ေရွ႕ဆက္ပါ

သန္းေခါင္ထပ္ညဥ့္မနက္ေတြမွာ ဘာေတြစဥ္းစားၿပီး

မင္းတစ္ေယာက္တည္း စိတ္ဓာတ္က်ေနမွာလဲ

တခါတေလ သည္းခံထားလိုက္ ျဖစ္တတ္တဲ့

လူ႕သဘာ၀ပဲ ဒီကမာထဲ ရွင္သန္ေနခ်ိန္ ခဏ

အထက္စီးက လက္သီးခ်က္ေတြအား ၿငိမ္ခံေနမရ

မဟုတ္ဘူး လက္ေ၀ွ႕သမား ေရွ႕ဆက္မနက္ေတြမွာ

တစ္ရက္လား တစ္သက္လား

ေမွ်ာ္လင့္ခ်က္ရွိတယ္ ေအးေဆး

တစ္လလား တစ္ဘ၀လား

ပန္းတိုင္ေရာက္ဖို႔သိပ္ၿပီးမေ၀း

တစ္ႏွစ္လား တစ္ေခတ္လား

စိတ္ဓာတ္ခြန္အားကိုေမြးေပး

ဇြဲမေလွ်ာ့နဲ႔ အနာဂတ္မ်ိဳးဆက္သစ္

ေခတ္လူငယ္အေတြး


[Chorus: YoungDre]

ေလာကစည္းစိမ္မ်ားၾကား ရစ္မူးကာေမ်ာသြား

အသိစိတ္ေတြေပ်ာက္ရွ အားလံုးကခဏတာ

ဘယ္လိုမွတားမရ ရစ္မူးကာေမ်ာသြား အသိစိတ္ေတြေပ်ာက္ရွ


[Verse 3: Yazar Myo Thank]

အလြမ္း အေဆြးနဲ႔ အခ်စ္မ်ား ခဏေတာ့ေဂ်ာင္မွာပစ္ထား

အိပ္မက္ေတြမေ၀းေတာ့ဘူး အလုပ္မွာ အာရံုစိုက္လို႔ႏွစ္ထား

ျဖစ္လား မင္းျဖစ္ရဲ႔လား ေရွ႕ဆက္ေလွ်ာက္ဖို႔ျဖစ္ရဲ႕လား

ႀကီးျပင္းတဲ့ေခတ္နဲ႕စနစ္ရဲ ႕အမွား

လူေတြေျပာေတာ့မင္းရဲ ႕အျပစ္တဲ့လား...

လူျဖစ္ရတဲ့ ဒုက အလုပ္ကလည္းလုပ္မရ

ေဆးလိပ္ေငြ႕ေတြကိုသက္ျပင္းေတြနဲ႔ အတူပဲမႈတ္ခ်

တစ္တိုင္ၿပီးတစ္တိုင္ထိုင္ပုတ္သမွ်

အတိုအစေတြအခန္းထဲ႐ႈပ္ပြ

စိတ္ဓာတ္ေတြေအာက္သို႔ျပဳတ္က်

ထပါ မင္းအရည္အခ်င္းလာထုတ္ျပ

ခဏတာရတဲ့ဘ၀ဟာအစမွာယံုၾကည္မႈေတြနဲ႔

ဟန္ေဆာင္လိမ္ညာမႈေတြထဲ ႐ိုးသားမႈကို ထုေျခခြဲ

စိတ္ညစ္တာေတြေပ်ာက္ေစဖို႔ ေဆးေတြလည္းေန႔စဥ္ေသာက္ေနလို႔

သြားမေခၚၾကနဲ႔ သူ မအားေသးဘူး

စိတ္ကူးယဥ္ကမာထဲေရာက္ေနလို႔

Depression ေတြ၀င္လာမယ္။ အမွားေတြကိုအမွန္လို႔ထင္လာမယ္

မင္းအေပၚမွာ လူေတြအျမင္ဟာလည္း

ေျပာင္းလဲသြားမယ္ ဒါ အစဥ္အလာပဲ။

ျပင္ပါ ကဲ အရာအားလံုးက တဒဂပဲ စိတ္ထင္ရာႀကဲ

ဒုကေတြၾကံဳမွ ေလာကႀကီးကမတရားဘူးလို႔ေတာ့မထင္ပါနဲ႔။


[Verse 4: Riovolap]

အတိတ္ကိုျပန္ၿပီးရစ္မေနနဲ႔ကြာ

ေရွ႕ဆက္ဖို႔ထစ္ေနတဲ့ခဏ

လက္ရွိျဖစ္ေနတဲ့ ဘ၀ကိုေတြးၿပီး စိတ္ေတြညစ္မေနနဲ႔ထား

ကာရန္အစစ္ေတြပဲႂကြားတဲ့ PHOSPHORAP အသစ္ေတြျပမယ္

မင္းတို႔ဘာေတြဟစ္ေနလဲၾကားတယ္ အေပၚယံအျဖစ္ေတြပဲမ်ားတယ္

ဒစ္ေနတဲ့ အခ်စ္ေတြနဲ႔ လစ္မေနနဲ႔ ထား

အခုမွ ေလာဘေတြအေယာင္လိုက္ကာ အစ္ေနတယ္

ေဒါသေတြေလာင္ၿမိဳက္ကာ ရစ္ေနဆဲ

ေသာကေတြေခါင္ခိုက္စရာျဖစ္ေစတဲ့

ေမာဟေတြေမွာင္မိုက္မွ ၀ပ္မေနနဲ႔

အသားထဲကေလာက္ထြက္တဲ့အျဖစ္ေတြလည္း ျဖစ္ေနဆဲမို႔

ဘာမွလာညႇပ္ေရာခ်မၿဖီးနဲ႔ အမ်က္ေဒါသမႀကီးနဲ႔

မင္းတို႔ေစာက္တလြဲေတြလုပ္ေနတာ ထြက္ေျပာမွမညည္းနဲ႔

သံသရာခရီးထဲ Rap ေတြကိုသီဆိုဖို႔အတြက္

ပန္းတိုင္ကိုက်ည္လိုထိုးထြက္တဲ့

ငါ့နာမည္ Riovolap


[Chorus: YoungDre]

ေလာကစည္းစိမ္မ်ားၾကား ရစ္မူးကာေမ်ာသြား

အသိစိတ္ေတြေပ်ာက္ရွ အားလံုးကခဏတာ

ဘယ္လိုမွတားမရ ရစ္မူးကာေမ်ာသြား အသိစိတ္ေတြေပ်ာက္ရွ


[Verse 5: Kayarr]

အိမ္တံခါးကိုဖြင့္ထြက္ကာ ကတရာလမ္းေပၚတတ္ခဲ့တဲ့ ငါ

ႏွလံုးသားတစ္ခုထဲ ႐ိုးသားမႈထည့္

ကိုယ့္ကိုကိုယ္ကိုးစားမႈနဲ႔ အဆံုးအစမဲ့ မိုးသားထုေအာက္

အဆိုးအျပစ္တခ်ိဳ႕ကိုထမ္းပိုးထားၿပီးေလွ်ာက္

အိပ္မက္တစ္ခုကို ပိုက္ စီးကရက္တိုကို ရွိဳက္

ႏွလံုးသားကိုသိမ္းပိုက္တဲ့ ဂီတကိုဦးခိုက္

သူတစ္ပါးေတြရင့္က်ဴးခိုက္မွာ ငါ ၀င္မျမဴးႏိုင္ပဲ

မဖြံ႕ထြားတဲ့ ငါ့သစ္ပင္ကိုငါျပန္တူးစိုက္

အခုအခိုက္ စကားလံုးေတြကလြဲ ပိုင္ဆိုင္မႈဆိုတာ နည္း

လြယ္အိတ္တစ္လံုးနဲ႔ လြင့္ေနရဆဲ

သိမ္ငယ္မႈ ရင္မွာအၿမဲ ေလာကကိုထိေတြ႕ရၿပီးမွေတာ့

အရွံဳးမေပးဘူး။ ဘယ္လိုဒုကထပ္လာမလဲၾကည့္မယ္

ငါမႏံုးေသးဘူး။ ရႊင္လန္းစရာေတြနဲ႔ ပင္ပန္းတာဟာတြဲ

ဒုက က်တဲ့အခါ ဘယ္သူမွ၀င္မထမ္းပါပဲ

လာမခြဲနဲ႔ အဆင့္အတန္းဆိုတာအညာပဲ

ေနာက္ဆံုးမင္းေရာငါေရာျဖစ္ရမွာ ျပာပဲ။