မင်းအတွက် ငါ့မှာ အချိန်နဲ့အမျှ

အသက်ထွက်လု ငါခံစားရ

တစ်ဘဝအတွက် တစ်ယောက်ရည်ရွယ်ခဲ့တာ

ခုတော့ ငါးပါးမှောက်တာ

ဒူးထောက်ထားတယ် ဆိုတော့မှ

ခေါင်းငုံ့ခိုင်းတယ် အဖြစ်မျိုးလား

နှစ်ဦးသား သဘောတူရပ်ဆိုင်းကာ

အလိုလိုသာ ခွဲကြစို့ကွာ

တစ္ဆေသရဲများ တွေ့သလို

ပြန်တွေးတိုင်းငါ့မှာ

အို သွေးပျက်မတက်

တုန်နေရင်း ငါ

ဘာထူးလဲအခုအခါ

ဘာထူးလဲဘဝမှာ

ဘာထူးလဲအခုငါ တစ်ယောက်တည်းပါ

အသည်းကွဲပြီးကျန်ခဲ့တာ

ဘာထူးလဲအခုအခါ

ဘာထူးလဲဘဝမှာ

ဘာထူးလဲအခုငါ အရင်အတိုင်းပါ

ရင်ကွဲပက်လက်ကျန်ခဲ့တာ

ရေး...ဟေး..ရေး...ရေ..

တံတားခင်းထားတယ် ဆိုတော့မှ

တွန်းချခံရတယ် အဖြစ်မျိုးလား

တို့နှစ်ယောက်အကြောင်းတွေ ပြန်တွေးရင်

အလိုလို သွေးခဲသွားတယ်

ညဘက် အိပ်ရာဝင်တိုင်းလဲ

ထပ်မတွေ့ဖို့ ငါဆုတောင်းဆဲ

ဒီဘဝတွက် ဒီမျှနဲ့ ကျေနပ်ပါ

နောင် ဆယ်ကမ္ဘာ ဝေးကြစို့ကွာ

တစ္ဆေသရဲများ တွေ့သလို

ပြန်တွေးတိုင်း ငါ့မှာ

အို သွေးပျက်မတက်

တုန်နေရင်း ငါ

ဘာထူးလဲ အခုအခါ

ဘာထူးလဲ ဘဝမှာ

ဘာထူးလဲ အခုငါ တစ်ယောက်တည်းပါ

အသည်းကွဲပြီးကျန်ခဲ့တာ

ဘာထူးလဲ အခုအခါ

ဘာထူးလဲ ဘဝမှာ

ဘာထူးလဲ အခုငါ

အရင်အတိုင်းပါ

ရင်ကွဲပက်လက်ကျန်ခဲ့တာ

ဘာထူးလဲ အခုအခါ

ဘာထူးလဲ ဘဝမှာ

ဘာထူးလဲ အခုငါ အရင်တိုင်းပါ

ရင်ကွဲပက်လက်ကျန်ခဲ့တာ

အသည်းကွဲပြီးကျန်ခဲ့တာ

ရင်ကွဲပက်လက်ကျန်ခဲ့တာ