Khit

By J-Fire

Released on January 4, 2020

Thumbnail

[Rap1]

အန်တီ

ဘာလဲပြော

အေးဆေးပဲလား

ဒါပဲပေါ့

ရပ်ကွက်ထဲကိုကျွန်တော်လာခဲ့တော့

သိချင်တာမေးမယ် မညာပဲပြော

ပြဿနာတော့ မရှာနဲ့နော်

ခက်ပါရောလာတဲ့သဘောက

ဒါတွေမဟုတ် ဘာတွေများ ဘာတွေလုပ် ဘာတွေစား

နောက်ပြီးတော့ မနက်စာရော ဘာနဲ့မျော

အဝတ်လျော်တယ် တစ်ထည်မှတစ်ရာပဲပေါ့

မသိချင်ပါနဲ့ စိတ်ပျက်စရာအများကြီးပဲ

အိပ်မက်စရာ အားရှိတဲ့ ကလေးနှစ်ယောက်ရဲ့ကျောင်းစရိတ်နဲ့

ဒီဘက်ခေတ်ရဲ့ကျပ်တည်းမှုက နှိပ်စက်တာ ခါးသီးတယ်

ချိန်းထားတဲ့နေ့မိ့ုရောက်လို့လာခဲ့တာလေ

အဆင်မပြေတာတွေကိုကြော်ညာလာမထိုးနဲ့

မနက်ဖြန်လောက်မှ..

အာ ပြောပြန်ပြီ

အခုကျတစ်မျိုး ပြီးတော့တော်ကြာတစ်မျိုးနဲ့

အဆင်ပြေကြပါစေဒေါ်အဝှာတို့ရယ်

ကြည့်နေရင်းနဲ့တောင်မှ ရင်နာလာပြီ

အန်တီ့ခလေးတွေကျောင်းကို သွားလိုက်ပါဦးမယ်

လေးလမ်းကျော်လောက်မှာသာဝင်သာရှာကြည့်တော့


[Rap2]

ဒီခေတ်ကလေးတွေ ပညာရှာပြီးတော့ တိုင်းပြည်ကိုမောင်းနှင်မယ့် အစဉ်အလာပါရှိတယ်။

မင်္ဂလာပါအကို

အေး! မင်္ဂလာပါညီ(…)

ကျန်တဲ့အကြောင်းတွေကိုနောက်မှပြောပြမယ်

အရေးကြီးတဲ့တစ်ချက်ကတော့ ရင်ထဲကျန်ရမယ်

စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ တိုင်းပြည်ကြီးကို လူညွှန့်တုံးအောင် ဓာတုဗေဒစစ်ပွဲတစ်ခုကို ဆင်နွှဲခံရတယ်

ဘယ်သူတွေရောင်းလဲ

မသိချင်နဲ့ညီ

ဘယ်ကထွက်လဲ

မသိချင်နဲ့ညီ ဘာအကြောင်းနဲ့မှမသိချင်နဲ့ညီ

ညီကြီးလာရင်မသုံးဖို့ရာ အသိအမြင်ပဲရှိ

Billion ချီအောင်စီးဆင်းနေတဲ့ စျေးကွက်ထဲကို

တင်ပို့နေတော့ ထားစရာမရှိအောင်ကို ပိုက်ပိုက်တော့ရမှာပဲ

ပိုင်လို့ဆိုင်လို့ လမ်းတွေရှင်းပြီး

နိုင်ငံထဲက အမှိုက်ကားကြီးတွေ ဖြတ်ချင်လည်း ဖြတ်ကြပါ

အမှိုက်တော့မချပါနဲ့

ရန်မဖြစ်ကြနဲ့ စည်းစည်းလုံးလုံးနေ

တစ်ယောက်ပေါ်တစ်ယောက်လည်း အကောက်မကြံပါနဲ့

အချိန်မရလို့အကိုသွားလိုက်ပါဦးမယ်

အေးအေးဆေးဆေးမှတစ်ခေါက်ပြန်လာမယ်


[Rap3]

ဘာစားမလဲ ဘာသောက်စရာမှာမလဲ

ပရီမီယာပလိန်းတစ်ခွက်နဲ့ နံပြားတစ်ချပ်ကိုသာ

ထောပတ်မသုတ်ပဲနဲ့ အခြောက်ခံလာခဲ့

ဘယ်လိုလဲ အခြေအနေ

အိမ်ကိုရော ပိုက်ဆံတွေ ပုံမှန်ရောပို့ဖြစ်သေးရဲ့လား

အဖေဆေးရုံတင်ရပြီးတော့ သုံးလစာကြိုထုတ်လို့

ဒီလတော့မပို့ဖြစ်သေးခဲ့ပါ

စိတ်ဓာတ်မကျနဲ့ ကြိုးစားကွာညီ

လောကကြီးကိုသာရိုးသားစွာကြည့်

အလုပ်နားတဲ့အချိန် စာအုပ်သာဖတ်နေ

အသိပညာတဖြေးဖြေးနဲ့ တိုးပွားလာမည်

ဟေးရောင်တွေ ငါသေတော့မယ်

ဒီဘက်နားလေးမှာကယ်ပေးကြဦးကွ

မင်းဘာမင်းလျှာရှည်ပြီးတစ်ယောက်ထဲတက်သွားတာ

ဘာကိစ္စနဲ့ငါတို့က ကယ်ပေးရဦးမှာ

တစ်ပွဲလောက်တော့ အစွယ်လေးပြဦးဟ

ဂိမ်းဆော့ရတာလည်း စိတ်ညစ်ပါတယ်

ဟိုမင်းသမီးရဲ့ရေချိုးတဲ့ပုံတွေ

ဟေ့ယောင်တွေ ဒီမှာကြည့် သိပ်ချစ်စရာပဲ

စကားပြောချင်လို့အကို ခဏထိုင်ဦးမယ်

ဒီကညီလေးဘေးလေးနည်းနည်းဖယ် ဘာတွေလုပ်ကြလဲ?

ကျောင်းသားတွေပါဗျ Day တက်နေတယ်

အေးအေးဆေးဆေးပဲ

ကျောင်းပြီးသွားရင်တော့ အလုပ်တစ်ခုကိုဝင်လျှောက်မယ်

ပြီးရင်တော့တစ်နေရာတော့ရောက်မှာပါ

နည်းနည်းတွေးကြည့် နည်းနည်းတွေးကြည့်

အရင်က ယန္တယားကြီးအတိုင်းပဲလမ်းဆုံးအောင် လျှောက်မှာလား

ဒီမှာကြည့်ကွာအကိုပြောပြမယ်

ကမ္ဘာ့မြေပုံကို သေချာလာကြည့်လှည့်

အကိုတို့နိုင်ငံ ပထဝီအနေအထားအရ

အရမ်းကိုအရေးကြီးတဲ့နေရာမှာရှ်ိတယ်

ဘေးကနိုင်ငံရဲ့အိန္ဒိယသမုဒ္ဒရာအတွက်

ထွက်ပေါက်တစ်ခုအဖြစ်ကို အဖြေသာရှာကြည့်လှည့်

ကမ္ဘာပတ်ပြီးစျေးရောင်းကြမယ့်ပတ်လမ်းစီမံကိန်းတွေထဲမှာ

ဒီနိုင်ငံပါပါ၀င်ပြီးတော့ ကြေညာတာရှိတယ်

ကမ္ဘာနဲ့ချီစာဖွဲ့သည့်ကိစ္စတွေကျွန်တော်တို့နဲ့ဘာဆိုင်လို့ အသင်ဝင်ချပြလဲ

အကျိုးအမြတ်ယူဖို့ဘာသာစကားအပါအဝင်

ပြင်ဆင်သင့်တာကိုပြင်ဆင်ကြရမယ်

ကြီးကြီးကျယ်ကျယ်နဲ့ ဒါကြီးဟုတ်ပါတယ် ထား

ခင်ဗျားကအဆိုတော်လေ ဆရာကြီးမလုပ်ပါနဲ့

အေးအေးဆေးဆေးနဲ့ သီချင်းပဲဆိုနေကွာ စိတ်မဝင်စားဘူး လာပြီးမရှုပ်ပါနဲ့

မျက်စိဖွင့်ကြ နားစွင့်ကြပါဟ စီးပွားရေးတိုးတက်ဖို့ပဲ အလေးထားပါကွာ နဖူးကခြေမချွေးကျတာထား လူငယ်တွေထိုးဖောက်ပြီး စတေးရမှာကွ

တော်ပြီမပြောတော့ဘူး တွေးလို့ရသမျှကို သွားတော့မယ် အချိန်ပေးဖို့ကမအားလို့


[Rap4]

ကျွန်တော်က Rap ဆိုတာ ၀ါသနာပါလို့ပါ

သိချင်တာ ခဏလောက်မေးလို့ရမလားအကို

ပြောလေဘာလဲ

Rap ဆိုတဲ့လူတစ်ချို့ကပြောနေပါတယ်

အကို့ရဲ့သီချင်းတွေက

ဘာလို့အပြင်လောကကြီးထဲမှာဖြစ်ပျက်နေတဲ့ အရာတွေနဲ့ပဲရောနေတာလဲ

တစ်ချို့တွေကနိုင်ငံခြားကHip Hop တွေရဲ့ပုံစံတွေကို လိုက်လုပ်ကြပြီး အပီကိုကြိုးစားတာ

နေဦး ညီလေး မင်းပြောနေတာတွေက ဒီလိုမျိုးလားကွာ


[Chrous]

ပိုက်ဆံတွေ လေပေါ်မှာကြဲ

ပိုက်ဆံတွေ ပိုက်ဆံတွေ လေပေါ်မှာကြဲ

ပိုက်ဆံတွေ လေပေါ်မှာကြဲ

ပိုက်ဆံတွေ ပိုက်ဆံတွေ လေပေါ်မှာကြဲ

ပိုက်ဆံတွေ လေပေါ်မှာကြဲ

ပိုက်ဆံတွေ ပိုက်ဆံတွေ လေပေါ်မှာကြဲ

ပိုက်ဆံတွေ လေပေါ်မှာကြဲ

ပိုက်ဆံတွေ ပိုက်ဆံတွေ လေပေါ်မှာကြဲ


[Rap5]

လူတွေရှိန်အောင် ငှားရိုက်ပြီးဂေါ်လီလုပ်

မရှိတဲ့အရာအရှိလုပ်ပြီးတော်ကီထည့်

သံစဉ်တူအောင်ကူးချမှ Copy မဟုတ်

ဟိုကဘဝတွေကို ကူးချလည်းCopyပဲ

အရူးထပြီးဆော်ကြည်မယ့်

လက်တလောမှာခေတ်စားနေတဲ့

Popping ဖြစ်တဲ့အကြောင်းအရာတွေက ရင်ဘတ်ထဲကမဟုတ်

အနုပညာတစ်ခုပဲရှိတယ် ခံစားချက်တွေကို ရင်ဘတ်ထဲကထုတ်

ရှေ့ဆက်ပြီးတော့ အကို့ရဲ့အနုပညာလှုပ်ရှားမှုတွေ

ဘယ်လိုမျိုးနဲ့လျှောက်လှမ်းသွားပါမလဲ?

ဒုတိယမြောက်အခွေတစ်ခွေကို လုပ်နေတယ်

နောက်နှစ်ထဲလောက်တော့မှန်းထားပါတယ်

အချစ်တွေ အလွမ်းတွေ အဆွေးတွေ အပြင်

မတူညီကွဲပြားတဲ့အကြမ်းစားတွေပါမယ်

ဒီခေတ်ကြီးမှာ Quality မကောင်းပဲနဲ့ အာရုံတွေကို

ဘယ်လိုလုပ်ပြီးဖမ်းစားမှာလဲ

နောက်ပြီးတော့ J-Fire အနေနဲ့

အားပေးတဲ့ပရိတ်သတ်ကို ဘာပြောချင်သေးလဲ

ကျွန်တော်ဆက်ပြီး ကြိုးစားနေပါတယ်

မတူညီတာတွေ ချပြချင်သေးတယ်

ဒါပြီးတော့ လူငယ်တွေ…


[Rap6]

တိုင်းပြည်ရဲ့ စတုတ္ထမဏိုင်ဆို

မကြွေးကြော်နဲ့ စတုတ္ထမဏိုင်လို့

ပိုပြီးတော့ မျက်စိတွေဖွင့်ပေးဖို့

တစ်ကယ်ကိုပဲ အရေးကြီးတယ် စတုတ္ထမဏိုင်သို့

လူမှုကွန်ယက် အပေါ်တွေမှာ ရှိတာတွေ

လော်နေတာ ကြည့်ပါလေ အချင်းချင်းပဲဖဲ့

တစ်ယောက်နဲ့တစ်ယောက်နဲ့ အမြင်မတူလေးတွေနဲ့

ဆဲနေကြဆိုနေကြပြီး အချင်းချင်းလည်းမတည့်

A ခန်း B ခန်း မတည့်ရာကနေပြီးတော့

လူကြီးပိုင်းထိကို အချင်းချင်းလည်းမတည့်

နွားကွဲရင် ကျားဆွဲမယ်နော်

ကွန်မန့်လေးရေး ဂျင်းအတင်းပဲထည့်

ကမ္ဘာထိမြင်အောင် လိုက်ကြည့်ပါဆိုနေမှ

တစ်ချို့တွေထင်တာ ကမ္ဘာပျက်မလားပေါ့

အရှေ့ အလယ်ပိုင်း နိုင်ငံတစ်ခုကို

ဆက်ရှင်ထိတာနဲ့ ၃၅လမ်းဆီဆိုင်တွေမှာ ၂၀၀ တက်သွားရော

ဘာမှစိတ်မဝင်စားတော့ သွားရော

တစ်ခုခုဖြစ်ခဲ့ရင် ရှောင်ဖို့ရာမလွယ်

တစ်ကယ်ပဲ ညောင်ဦးကမ်းပါးပျိုတာနဲ့

စပါးနဂိုကနွားမကြီးက ပေါင်ကျိုးပါတယ်

နောက်ကလိုက်တဲ့ စင်ကာပူ ဗီယက်နမ်

ဒီလိုမျိုးတွေတိုးတက်လာဖို့ ဘာလုပ်တာလဲပေါ့

ဘာတွေဘယ်လိုပြင်ဆင်ထားပြီး

ဒီနိုင်ငံက လူငယ်တွေက အနာဂတ်မှာ ဘာလုပ်မှာလဲပြော

မင်းသဘောပဲ မကြိုးစားလည်းရတယ်

မစည်းလုံးရင် မဖြစ်လို့ပါ လာမရှုပ်ပါနဲ့တော့

အရှေ့ကိုလျှောက်မှာလား အနောက်ကိုဆုတ်မှာလား ပြော

အမုန်းစကားအားလုံးကို ခါထုတ်လာခဲ့တော့

ပြောတာလည်းများသွားပြီ တစ်ကယ်ပြောင်းလဲချင်တဲ့ စိတ်နဲ့ ဆိုနေတာပါ

သူတို့လည်းလူ ကိုယ်လည်းလူပဲလေ

အမြဲစိတ်ဓာတ်ကျပြီးတော့ ငိုနေမှာလား

အချိန်ကိုအကျိုးရှိအောင် အသုံးချ

မူးယစ်ဆေးဝါးနဲ့ အပိုတွေအသာထား

ဒီနိုင်ငံကြီး ပြောင်းလဲဖို့ အတွက်က

တစ်ကယ်ပဲ လူငယ်တွေကို လိုနေတာပါ