A Kyin Nar Nya

By J-Fire

Released on May 27, 2019

Thumbnail

[Verse1]

မင်းဘေးနား တစ်သက်စာ နေတော့မလို့

(ထာဝရ)

နှစ်ယောက်ထဲဘဝကို တည်ဆောက်မလို့

အိပ်မက်သစ်အတွက် ငါအိပ်ဖို့အသင့်ပါ

ဒို့ညတွေ အတူတူ စိုက်ပျိုးစို့ . . .


[Verse2]

မိုးသားထဲအလွမ်းတွေလွင့်ပြေးဖို့

(ဒီဘဝ)

မင်းနှုတ်ခမ်းက အနမ်းနဲ့ကုပေးဦး

ရှေ့ဆက်အသက်ထက် မင်းလက်တွဲကာ

ဘဝတိုက်ပွဲအတူဝင်ကြစို့ . . .


[Chorus]

မင်းမျက်လုံးလေးတွေ မှိတ်ပြီး အိပ်စက်တော့လေ

ဘဝအသစ်အတွက်မှတ်တိုင်ထူဖို့ကွယ်ဒီည

အချစ်စစ်တို့လမ်းလေး

ထာဝစဉ်မကြမ်းတမ်းဖို့ရယ်

အတူတူ ကြိုးစားလိုက်စို့ကွယ် . . . . ဒီည

အတူတူကြိုးစားလိုက်စို့ကွယ်


[Rap]

အမှောင်ကိုကြိုက်တာလား

မင်းကအလင်းကိုကြောက်တာလား

ဘာပဲကာစီးကာစီးနင်းဖြိုပလိုက်မှာငါ

ရှေ့ဆက်ရမယ့်ခရီးမှာလည်းမင်းအလိုလိုက်မာပါ

ရွှေလည်တိုင်ကိုသောက်သုံးရင်းနဲ့အတင်းကိုရှိုက်တာများတော့

အရာထင်တာကြီးပဲ ဒါ မာကင်ရာငြိတွယ်

မကြောက်နဲ့ဒီလိုယောကျားကောင်းတွေရာဇဝင်မှာရှိတယ်

အောက်နှုတ်ခမ်းကိုကိုက်ထားပြီးတော့နာကျဉ်တာသိလည်း

မင်းရဲ့ဆန္ဒပြီးမြောက်စေချင်လို့ကို

ငါ ကြင်နာမိတယ်

ပန်းချိုးတာမဟုတ်ဘူး ကိုယ်ကပန်းပျိုးနေတာ

ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ အနမ်းမိုးဒွေရွာ

ကြက်သီးလေးတွေထတာ ချမ်းလို့လေလား

အခုလို အရမ်းဆိုးနေတာ ကိုယ်ကလွမ်းလို့လေကွာ.......


[Verse4]

အဆိပ်သင့်တဲ့တံခါးတွေရိုက်ချိုးလို့

(တချိန်က)

ရခဲ့တဲ့ဒဏ်ရာကုစားဖို့ ...

မင်းအကြည့်နဲ့ထွန်းညှိ

လောကသစ်တေးသီချင်းတွေ

ငြိမ်းချမ်းမှုအတွက်အတူတူဆိုညည်းစို့....


[Verse5]

မိုးသားထဲအလွမ်းတွေလွင့်ပြေးဖို့

(ဒီဘဝ)

မင်းနှုတ်ခမ်းက အနမ်းနဲ့ကုပေးဦး

ရှေ့ဆက်အသက်ထက် မင်းလက်တွဲကာ

ဘဝတိုက်ပွဲအတူဝင်ကြစို့ . . .


[Chorus]

မင်းမျက်လုံးလေးတွေ မှိတ်ပြီး အိပ်စက်တော့လေ

ဘဝအသစ်အတွက်မှတ်တိုင်ထူဖို့ကွယ်ဒီည

အချစ်စစ်တို့လမ်းလေး ထာဝစဉ်မကြမ်းတမ်းဖို့ရယ်

အတူတူ ကြိုးစားလိုက်စို့ကွယ် . . . . ဒီည

အတူတူကြိုးစားလိုက်စို့ကွယ်