ရွှင်လန်းကာစိတ်ချမ်းသာကြစေ

By J-Fire

Released on April 4, 2022

Thumbnail

[Chorus]

မှုန်ရီဝိုးတဝါးနဲ့ ရောင်နီနိုးထခဲ့

အတာနှစ်ကူးချိန်ပြန်ပြီးနိုးထလာ

သင်္ကြန်ဒိုးများနဲ့ ဝသာန်မိုးသားထဲ

ရွှေရောင်ပိတောက်ပန်းတွေ ပွင့်ဖူးခူးဆွတ်အချိန်မှာလေ

ရေသဘင်ကြား တာဝတိံသာ နန္ဒာဝန်က ပဉ္စသိင်္ခထံမှနတ်စောင်းသံ

ပျံသန်းတီးခတ်အချိန်အခါဟာ ပျိုဖြူတွေကြား

ကိန္နရီ ကိန္နရာဖျော်ဖြေဟန်များ မြိုင်ဆိုင်၊ဝေဆာ၊ညီညာ၊ကကြိုးချွေ

နှစ်ဦးတန်ခူးလအချိန်


[Rap1]

ရွင်လန်းကာ စိတ်ချမ်းသာကြစေ

စိတ်နှလုံးအပြင် ကိုယ်ကျန်းမာကြစေ

အရွယ်သုံးသွယ် အနာကင်းကာလှစေ

တောင်းဆုတွေ လိုတိုင်းတာပြည့်စေ

ဆန်စပါးတွေ ပြည့်ဖြိုးကြွယ်ဝစေ

သဒ္ဒါတရားအပြည့် လှူဒါန်းနိုင်ကြစေ

ရွှေမိုးတွေ ရွာသွန်းကာကျစေ

မောင်မယ်တွေ ချစ်ကြိုးသွယ်ကြစေ

...

နှောင်းခဲ့တာကြာလှပြီ

သင်္ကြန်တလိုစကားသည် မာဂတ

သင်္ကန္တ သင်္သကရိုဋ်ကနေ

ရွေ့လျှားဆင်းသက်တဲ့ ပြောင်းလည်းချိန်ကာလ

ဆိုင်းသံကဗုံနှောင် ဗုံနှောင်နဲ့ စောင်းသံက တူနှောင်တူနှောင် .....

စောင်းသံက တူနှောင်တူနှောင် နဲ့ ဆိုင်းသံက ဗုံနောင်ဗုံနောင်

ဘိုးဘွားတွေရေကန်တော့ခြင်းတို့၏ အစဉ်အလာတစ်ပါးဟာလည်း မင်္ဂလာများစွာနဲ့....

ဥပုတ်စောင့်ကုသိုလ်တရားသည်လည်း ရင်မှာများစွာနဲ့ ထင်ကျန်သွားမှာပဲ ....

ကျန်တဲ့ပန်းတွေ ဝန်ခံသွားပါရဲ့ မွှေးရနံ့မမှီအောင်ကြိုင်နေကာလှ.....

လတခူးပေမို့ အလှထူးနေတဲ့ မြဖူးရယ်တဲ့ ခိုင်ရွှေဝါကွ ......


[Chorus]

မြန်မာပြည် ရေသဘင်ကြား

တာဝတိံသာ နန္ဒာဝန်က

ပဉ္စသိင်္ခထံမှနတ်စောင်းသံ

ပျံသန်းတီးခတ်အချိန်အခါဟာ ပျိုဖြူတွေကြား

ကိန္နရီ ကိန္နရာဖျော်ဖြေဟန်များ

မြိုင်ဆိုင် ဝေဆာ ညီညာ ကကြိုးချွေ

နှစ်ဦးတန်ခူးလအချိန်..........


[Rap 2]

ဒို့ ရိုးရာ သင်္ကြန်ကျပြီကွ

မဏ္ဍပ်တွေအပြိုင်လှနေ ၊

လက်ထဲမှာရေဖလားတွေနဲ့ နှစ်သစ်ကို ကြိုဆိုဖို့လေ ....

အတာအိုးတွေထဲ ....သပြေပန်းတွေနဲ့

ဒယ်အိုးတွေထဲ .....မုန့်လုံးတွေနဲ့

သင်္ကြန်ဒိုးတွေနဲ့ .....ပျော်မြူးနေခဲ့

သပြေခက်တွေနဲ့ .....ရေပက်နေခဲ့

ရေကစားတယ်ခင်ကြမင်ကြ

ယဉ်ကျေးမြင့်မား စိတ်ထားဟာလှတယ်

ဒါပြီးရင်နှစ်ဆန်းကာလ

မြို့လမ်းရွာမကျန် ပရိတ်တရားနာကြမယ်.....

တန်ခူးကာလ မိတ်များစွာရ

ရာသီ၁၂ လထဲ အရမ်းပဲလှပါရဲ့

အတက်နေ့ရဲ့ နှုတ်ဆက်နေဝင်ချိန်ဟာ

ဘာလို့မှန်းမသိ ဝမ်းနည်းရပါတယ် ......


[Chorus]

မြန်မာပြည် ရေသဘင်ကြား

တာဝတိံသာ နန္ဒာဝန်က

ပဉ္စသိင်္ခထံမှနတ်စောင်းသံ

ပျံသန်းတီးခတ်အချိန်အခါဟာ ပျိုဖြူတွေကြား

ကိန္နရီ ကိန္နရာဖျော်ဖြေဟန်များ

မြိုင်ဆိုင် ဝေဆာ ညီညာ ကကြိုးချွေ

နှစ်ဦးတန်ခူးလအချိန်..........